Powered by Blogger.
နည်းပညာလွယ်အိတ်(ညီနောင်)မှ လှိုက်လှဲစွာကြိုဆိုပါသည်

ဟပ်ပီးဒီထဲ့

Tuesday, October 14, 2014

ထိုင်းနိုင်ငံရောက်ညီလေးညီမလေးတွေတွက်အသုံးဝင်မည့်apkတခုတင်ပေးလိုက်ပါတယ်။
dtac simသုံးသူတွေအတွက်ပေါ့။ဘာတွေသုံး
လို့ရလဲဆို
**ဖုန်းပိုက်စံကြည့်တာ
**အင်တာနက်အချိန်/ဖရီးခေါ်အချိန်ဘယ်လောက်ကျံလဲကြည့်လို့ရပါတယ်
**အပိုဆုကျေးငွေ(bonus)ဘယ်လောက်ရှိလဲ
**ဖုန်းပိုက်စံထဲ့မယ်
**ကိုယ့်ဖုန်းနံပါတ်ပြန်ကြည့်မယ်
**တလအတွင်းပိုက်စံဘယ်လောက်သုံးလဲ
**ပိုက်စံလွဲပေးမယ်
**အထူးစီစဉ်(promotion)ကြည့်မယ်
**ချေးငွေ30ယူမယ်
**အရေးပေါ်ခေါ်မယ်(အ့တာကတခုခုဖြစ်ရင်သက်ဆိုင်ရာကိုအကြောင်းကြားတာပေါ့)
အ့တာတွေအားလုံးကိုဒီapkလေးကလုပ်ပေးပါမယ်။ကိုလိုချင်ရာကိုနိပ်လိုက်ရုံဘဲ။အင်္ဂလိပ်လိုမြန်မာလိုနှစ်မျိုးပါပါတယ်။မြန်မာလိုရေးထားတာနားမလဲရင်လဲအင်္ဂလိပ်လို့သုံးလို့ရပါတယ်။(တမျိုးမထင်နဲ့နော်တချို့မြန်မာလိုရေးထားတာအကိုနားမလဲလို့  ခ်ခ်)
apkအသုံးပြုပုံ simကဒ်နှစ်ခုသုံးထားရင်sim1
ကိုဘဲအလုပ်လုပ်ပါတယ်။12callမရပါ။dtac
onlyနော်။12callတွက်apkကpromotion
apkဘဲရှိတယ်။တွေ့ရင်တင်ပေးမယ်။
ထိုင်းနိုင်ငံရောက်မောင်မယ်လေးတွေဒေါင်းယူထားပီးမိမိပါတ်ဝန်းကျင်ကonlineမတတ်တဲ့ကိုကိုတွေမမတွေကိုလဲဝေမျှပေးစေချင်ပါတယ်။apkကအထူးစမ်းကြီးမဟုတ်ပါဘူး။အလွယ်တကူအသုံးပြုရလို့ပေးသုံးချင်တာပါ။မြန်မာလို့လေးလုပ်ထားပေးတော့အသုံးဝင်သူတွေအတွက်အသုံးဝင်မှာပါ။မြန်မာပြည်ကဘော်ဘော်တွေကလုပ်ပေးတဲ့သူများတယ်။ထိုင်းရောက်ညီလေးတွေအတွက်ကသိပ်မရှိဘူး။အ့ကြောင့်ကျနော့်ထိုင်းနိုင်ငံရောက်မောင်မယ်လေးတွေတွက် တိုတိုလုပ်ထားပေးတယ်။စကား
ပြောတာများသွားပီး။အကို့ရဲ့အကောင့်သစ်ပါ။
apkယူရန်
mediafire link :):):)
http://www.mediafire.com/?86ts5izt6p5oqo3

အပေါ်လင့်ကဒေါင်းမရရင်ဒီအောက်လင့်ကဒေါင်း
တခုဘဲဒေါင်းရမှာနော်ပြောထားရတယ်တချို့ညီလေးတွေလာလာမေးတတ်လို့
pcloud link :) :) :)
http://pc.cd/xsn

ကဲအကို့ညီလေးညီမလေးများအဆင်ပြေပါစေဗျားတခြားညီလေးညီမလေးတွေလဲသုံးလို့ရအောင်ရှယ်ထားပေးစေချင်တယ်။အကိုတစ်ယောက်ထဲကအားလုံးတွေ့အောင်အသုံးပြုလို့ရအောင်မလုပ်နိုင်ဘူးလေး။အ့ကြောင့်ညီလေးတို့ရှယ်ပေးပါလို့။

(အခြေခံနည်းပညာလေးတွေဝေမျှသူ ကိုဒီမွန်း)

ကျနော်ပြင်ထားတဲ့fbနဲ့ကီးဘုတ်ပါ

Monday, October 13, 2014

ဒီfbလေးကြိုက်တဲ့ဘော်ဘော်များရှိလားမသိဘူး။ဗားရှင်း18.0000.8ပါerroကင်းတယ်။အ့ကြောင့်ပုံလေးတွေပြင်ထားတယ်။လိုချင်ရင်ဒေါင်းသွားနော်။ခုဒီအကောင့်ကကျနော်ရဲ့အကောင့်သစ်ပါ။ကျနော့်ဘော်ဘော်တွေကိုလာပြောပြတာ။
fbယူရန်
http://pc.cd/mzn

ကီးဘုတ်ယူရန်
http://pc.cd/DLn

ဒီလောက်ပါဘဲအကောင့်သစ်ဆိုတော့သိပ်ပီးချဲလို့ရသေးဘူး ခ်ခ်။

ဖုန်းကွန်ပျူတာဘလော့ရေးနည်းများ

Monday, October 6, 2014

blogရေးချင်တဲ့မောင်မယ်များအတွက်ကျနော်ဘလော့ရေးနည်းတင်ပေးလိုက်ပါတယ်။
ဖုန်းနဲ့ရေးဖို့တွက်ကိုကျနော်ပုံလေးတွေနဲ့ရှင်းပြထားပါတယ်။ကွန်ပျူတာနဲ့ရေးဖို့တွက်လဲစာအုပ်လေးတင်ပေးလိုက်ပါတယ်။ဖုန်းနဲ့ရေးဖို့ကာကျနော်ရှင်းပြထားတာသိပ်နားမလဲရင်ကွန်ပျူတာနဲ့ရေးတဲ့စာအုပ်ကိုတွဲဖတ်ပေးပါ။ကျနော်ဖုန်းနဲ့ဘလော့တခါမှမရေးဖူးလို့ပါ။အနည်းငယ်လိုအပ်တာရှိရင်ကွန်ပျူတာနဲ့ရေးတဲ့စာအုပ်နဲ့တွဲဖတ်ရင်အဆင်ပြေမယ်လို့ထင်ပါတယ်။ဘလော့တခုကာလနှစ်နဲ့ကြာမှနားလည်လာမှာဖြစ်တဲ့တွက်ခုမှစရေးတဲ့မောင်မယ်များကဖြည်းဖြည်းချင်လေ့လာသွားပါလို့ကျနော်ပြောချင်ပါတယ်။
ကျနော်ဘလော့စရေးတုန်းကဒီလိုfbကလဲလူအများသုံးစွဲမှုမရှိသေးပါဘူး။လေ့လာရအရမ်းခတ်ခဲ့ပါတယ်။ခုညီလေးတို့ခေတ်ကျတော့မေးမြန်းလေ့လာဖို့တွက်မခတ်ခဲတော့ပါဘူး။ရေးသားရင်းလေ့လာရင်းနဲ့ဘလော့ကာသမားကောင်းကောင်းတယောက်ဖြစ်ပါစေလို့ဒီပို့လေးနဲ့ဆုတောင်းပေးလိုက်ပါတယ်။
ဖုန်းအတွက်လိုအပ်တဲ့blog apkကို
အောက်ကလင့်မှာဒေါင်းယူလိုက်ပါ။
pcloud link
http://pc.cd/3Ye

ဖုန်းနဲ့ရေးဖို့ရှင်းပြထားတဲ့စာအုပ်ယူရန်
pcloud link
http://pc.cd/QYe

ကွန်ပျူတာနဲ့ဘလော့ရေးတဲ့စာအုပ်ကသုံးအုပ်ပါ။
pcloud link  (1)
http://pc.cd/TYe

(2)
http://pc.cd/f8e

(3)
http://pc.cd/MYe

အားလုံးဘဲပျော်စွမ်ပါစေဗျား
ခုဒီပို့ကိုဖတ်နေသူသည်ကျနော့်လိုဘဲ နည်းပညာတွေဝေမျှသူဖြစ်တယ်
ဆို မသိသေးသူများအတွက် ရှယ်
တာဖြစ်ဖြစ်ဒေါင်းပီးပြန်လဲဝေမျှတာဖြစ်ဖြစ်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိပါတယ်။အားလုံးကိုတတ်စေသိစေချင်တဲ့ဆန္ဒတခုထဲနဲ့ဒီပို့လေးတွေကိုတင်ပေးတာပါ။

ကဲအားလုံးဘဲပျော်စွမ်းကျပါစေဗျား
(အခြေခံနည်းပညာလေးတွေကိုဝေမျှသူ ကိုဒီမွန်း)

ဘလော့မှ fb like box လေးထည့်နည်းပါ

Thursday, October 10, 2013

ကျွန်တော့်အစ်ကို ကိုအောင်အောင် ရဲ့အကူအညီတောင်းမှုကြောင့်
ကျွန်တော်ဒီပို့စ်လေးကို အမြန်ရေးလိုက်ရပါတယ်
ဘလော်ဂါတွေရဲ့ ဘလော့လေးတွေမှာ facebook like လေးတွေ လုပ်ချင်မှာပါ
ဆိုဒ်ရဲ့ Side bar မှာ facebook like လေးလုပ်ထားခြင်းဖြင့် ကိုယ့်ဆိုဒ်ကို
လူတွေ ဘယ်လောက် လေ့လာလဲ သိရတဲ့အပြင် အဲဒီ facebook page မှာ
တင်သမျှကို Like လုပ်ထားတဲ့ မိတ်ဆွေတွေ ကို facebook က notification ပြပါလိမ့်မယ်ဗျာ
Facebook Like box လုပ်ဖို့က အရင်ဆုံး facebook fan page တစ်ခု လိုပါမယ်
Facebook fan page လုပ်နည်းလေးကိုတော့ ကျွန်တော့်ညီလေး ဝေလင်းဌေးရေးထားပါတယ်
ဒီမှာ   (  https://www.facebook.com/pages/create.php  )  သွားရောက်ဖတ်ရှုလိုက်ပါ မိတ်ဆွေတို့ facebook page လေးတစ်ခုလုပ်ပြီးပြီဆိုရင်တော့
မိမိ facebook page Link လေးကိုသိဖို့လိုအပ်ပါတယ် 
မိမိ facebook fan page လင့်လေးကို မသိရင် မိတ်ဆွေတို့ရဲ့ facebook မှာ Home ကို
နှိပ်လိုက်ပါ ပြီးရင်တော့ ဘယ်ဘက်မှာ လုပ်ထားတဲ့ facebook page လေးကို 
Right Click နှိပ်ပြီးတော့ Copy Link Location ကိုနှိပ်လိုက်ပါ
မသိရင်အောက်ကပုံလေးကိုကြည့်လိုက်ပါ....
 
facebook like box လေးလုပ်ဖို့ ဒီနေရာလေး ကိုသွားလိုက်ပါ
ပြီးရင် Facebook page URL ဆိုတဲ့နေရာလေးမှာ ခုနက ကော်ပီကူးထားတဲ့ လင့်လေးကို
ကီးဘုတ်က Ctrl+V သို့မဟုတ် mouse က Right Click နှိပ်ပြီး Paste လုပ်ပေးလိုက်ပါ
အောက်က Width နဲ့ Height ကတော့ မိမိ ဘလော့ရဲ့ side bar နဲ့
အဆင်ပြေမှာလေး ရိုက်ထည့်ရမှာပါ .. Color Scheme ဆိုတာကတော့
မိမိဆိုဒ်လေးက အလင်းဆိုဒ်လား အမှောင်ဆိုဒ်လားပေါ့ တစ်နည်းဆိုရလျှင်
အဖြူများနေရင်တော့အလင်းဆိုဒ်လေးပေါ့ ဒါဆို Light ကိုရွေးပေးလိုက်ပါ
အမည်းဆိုဒ်လေးဆိုရင်တော့ Dark ကိုရွေးပေးရမှာပါ 
ပြီးရင်တော့ Get Code ကိုနှိပ်လိုက်ပါဗျာ
 
အပေါ်မှာပြထားတဲ့ပုံလေးအတိုင်း Box လေးတစ်ခုတက်လာမှာပါ အဲဒါဆို
IFRAME ကိုရွေးပြီးတော့ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ ကုဒ်တွေ အားလုံးကို 
ကော်ပီကူးပြီးတော့ မိမိဘလော့လေးရဲ့ HTML/javascript ကုဒ်ထည့်တဲ့ နေရာလေးမှာ
ထည့်ပေးလိုက်ရုံနဲ့ပဲ facebook Like box လေးဖြစ်သွားမှာပါ ဒီအဆင့်လေးကိုတော့
သေချာမပြောတော့ပါဘူး Blogger အားလုံး ဒီအဆင့်လေးကိုတော့သိကြမှာပါ
ဒါဆိုရင်တော့ ကျွန်တော်တို့ blog လေးမှာ facebook Like လေးကိုတွေ့မြင်ရမှာပါခင်ဗျာ
 အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်
Post By:အောင်ကျော်(ပုသိမ်)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ www.aungsanmks.blogspot.com www.ledimyethar.com


ဒီနေရာကကောက်လာသည်

ဘလော့ထဲက Label နဲ့ Archive တွေကို Scroll Box လေးနဲ့ထားနည်း

ဒီနည်းက တစ်ခုလုပ်တတ်တာနဲ့ တခြားတစ်ခုကို လုပ်တတ်ပါတယ် ..
ဒီပို့စ်မှာတော့ ကျွန်တော်က Blog Archive ကို Scroll Box လေးနဲ့
ထားတဲ့နည်းကို မျှဝေပေးပါမယ် ..

Label ကို Scroll Box နဲ့ထားချင်ရင်လည်း ဒီနည်းအတိုင်းပဲ လုပ်ပေးလိုက်ရုံပါပဲ ...

ကဲ .. စကြစို့ ...
အရင်ဆုံး Blogger ကို Sign In ၀င်လိုက်ပါ
ပြီးရင် Layout ကိုသွားပါ




Blog Archive မထည့်ရသေးဘူးဆိုရင် Add a widget ကနေ Blog Archive ကိုရွေးပြီး Save လုပ်ပါ
တကယ်လို့ Blog Archive ထားပြီးသားဆိုရင်တော့ အဲဒီ Blog Archive ရဲ့ နံမည်ကို ဘယ်လိုထားထားသလဲဆိုတာကို မှတ်ခဲ့ပါ
အောက်ကပုံထဲမှာတော့ ကျွန်တော်က ရှာရလွယ်အောင် Archive In This Blog လို့ နံမည်ပေးထားပါတယ်






Blog Archive ကို Save လုပ်ပြီးပြီဆိုရင်တော့ Template ကိုသွားပါ
Edit HTML ကိုနှိပ်ပါ
ပွင့်လာတဲ့ Template Coding တွေထဲက ကိုယ်ပေးထားတဲ့ Blog Archive ရဲ့နံမည်ကို လိုက်ရှာပါ
ကျွန်တော်ကတော့ Archive In This Blog ဆိုတာကို ရှာလိုက်ပါမယ်




တွေ့ပြီဆိုရင်တော့ အဲဒီ Code တွေကို ဖြန့်ပေးရပါမယ် ..
ဆိုလိုတာက ကျွန်တော်တို့မြင်နေတဲ့ကုဒ်တွေဟာ ချုံ့ထားတာပါ ..
ဘယ်နေရာတွေမှာချုံ့ထားတာလဲဆိုတော့  > .... </widget> အဲဒီလိုမျိုးပုံစံထဲက အစက်ကလေးတွေထဲမှာ ကုဒ်တွေကို ချုံ့ထားတာပါ ..
သူ့ကိုဖြန့်ချင်ရင် အဲဒီ အစက်ကလေးတွေပေါ်မှာ ကလစ်တစ်ချက်နှိပ်ပေးလိုက်ရင် ကုဒ်တွေကျလာပါမယ်
အဲဒီလိုကျလာတဲ့ကုဒ်တွေထဲက <div class='widget-content'>  ကို ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်ရဲ့နောက်နားမှာ ကလစ်တစ်ချက်ပေးပြီး Enter နှိပ်လိုက်ရင် အောက်မှာတစ်ကြောင်းစာ လွတ်သွားပါမယ်
အဲဒီလွတ်သွားတဲ့တစ်ကြောင်းနေရာမှာ အောက်က ကုဒ်ကို ကော်ပီကူးပြီးထည့်လိုက်ပါ

<div style='overflow:auto; width:ancho;height:300px;'>

အဲဒီလိုထည့်လိုက်တဲ့အခါမှာ လောလောဆည် ကုဒ်မှားနေတဲ့အတွက် အောက်မှာရှိတဲ့ </...> ပုံစံကုဒ်တွေဟာ အနီရောင်တွေ ဖြစ်ကုန်ပါမယ် ..
စိုးရိမ်စရာမရှိပါဘူး ...
နောက်ထပ် အဲဒီ ကုဒ်အုပ်စုထဲက

</div>
</div>

အဲဒီလို နှစ်ခုထပ်နေတဲ့အောက်မှာ တစ်ကြောင်းစာနေရာပေးပြီး နောက်ထပ် </div> တစ်ခုထပ်ထည့်ပေးလိုက်ပါ
အဲဒီလိုဆိုရင်

</div>
</div>
</div>
<b:include name='quickedit'/>

အဲဒီလို သုံးခုဆင့်သွားပါမယ်
ဒါဆိုရင် မှားနေတဲ့ကုဒ်အနီရောင်တွေအားလုံး အစိမ်းရောင် ပြန်ပြောင်းသွားပါမယ် ..
အောက်ပုံကတော့ လိုအပ်တဲ့ကုဒ်တွေ ထည့်ပြီးသားပုံပါ







အားလုံးပြီးရင်တော့ Save template ကိုနှိပ်လိုက်ပါ ...
ဒါဆိုရင် ဘလော့ထဲက Archive List လေးတွေဟာ Scroll Box လေးထဲမှာ သပ်သပ်ရပ်ရပ် ရှိနေတာကို တွေု့ရပါလိမ့်မယ် ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:

Blog တစ်ခုအတွင်း ဘောင်ခပ်ခြင်းအထွေထွေ

ဘလော့ Template တစ်ခုလုံးကိုပဲဖြစ်ဖြစ် ဘလော့ Template ထဲက Widget တစ်ခုချင်းစီကိုပဲဖြစ်ဖြစ်
ကိုယ်နှစ်သက်သလို ဘောင်ခပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
အရင်ဆုံး Template ကြီး တစ်ခုလုံးကို ဘောင်ခပ်တဲ့နည်းကို မျှဝေပေးပါ့မယ်
ဒီနည်းရဲ့ နမူနာ ( Demo ) ကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်အခုသုံးထားတဲ့ Template ကြီးတစ်ခုလုံးရဲ့ ဘေးပတ်ပတ်လည်မှာခပ်ထားတဲ့ ဘောင်ကိုသာ ကြည့်လိုက်ကြပါလို့ ..


ကဲ .. အရင်ဆုံး Blogger ကို Lon in ၀င်လိုက်ပါ ..
ပြီးရင် Template က နေ Edit HTML ကို ၀င်ပါ
HTML ကုဒ်တွေထဲက ]]></b:skin>  ကို လိုက်ရှာပါ ...
တွေ့ပြီဆိုရင် အဲဒီ ]]></b:skin> ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ


#mblwrap {
      background: #Ffffff;
      width: 960px;
      margin: 10px auto 5px auto;
      padding: 0;
      position: relative;
      border-right: 15px solid #333;
      border-left: 15px solid #333;
      border-top: 10px solid #333;
      border-bottom: 15px solid #333;
      -moz-border-radius:10px;
      -webkit-border-radius:10px;
      border-radius:10px;
      box-shadow: #333 0px 1px 3px;
    }



အဲဒီကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့နေရာမှာ ကိုယ်နှစ်သက်တဲ့ အရောင်ကုဒ်ကို ပြောင်းလဲပေးနိုင်သလို Border ရဲ့ အထူအပါးကိုလည်း 15px, 15px, 10px စတဲ့နေရာတွေမှာ လိုက်ပြီး ချိန်ညှိပေးနိုင်ပါသေးတယ်

ပြီးရင် <body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ <body> ရဲ့ အောက်မှာ


<div id='mblwrap'>  
အဲဒီကုဒ်ကို ကူးထည့်လိုက်ပါ

ပြီးရင် </body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ </body> ရဲ့ အပေါ်မှာ </div> ဆိုတဲ့ကုဒ်ကို ထည့်ပေးလိုက်ပါ
အပေါ်မှာထည့်တာ အောက်မှာထည့်တာတွေကို သေချာ ဂရုစိုက်ပေးစေချင်ပါတယ်
Preview Template ကနေ ဘလော့ကို ကြည့်လို့ အဆင်ပြေသွားပြီဆိုရင်တော့
Save Template ကို နှိပ်လိုက်ရုံပါပဲ ...
ဒါဆိုရင်တော့ Template ကြီးတစ်ခုလုံးကို ဘောင်ခပ်လို့ ပြီးသွားပါပြီ ..

နောက်တစ်နည်းကတော့ Template ထဲမှာ ရှိတဲ့ Widget တစ်ခုချင်းစီကို ဘောင်ခပ်မယ်ပေါ့
အရင်ဆုံး ကိုယ်ဘောင်ခပ်ချင်တဲ့ Widget ID ကို သိအောင်လုပ်ထားပါ ..
ဥပမာ .. Post ရဲ့ Widget ID ကို သိချင်တယ်ပေါ့ .. Layout ကနေ အဲဒီ Post ရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ ၀င်းဒိုးအသေးလေးရဲက Address bar ထဲမှာ Widget ID ကို ရှာလို့ရပါတယ် .. Template ထဲမှာ ရှာတတ်ရင်လည်း ရပါတယ် ..
များသောအားဖြင့်တော့ Post ရဲ့ Widget ID က Blog1 ဖြစ်နေလေ့ရှိပါတယ် ..
ကဲ .. အဲဒီ Post တွေကို ဘောင်ခပ်တော့မယ်ပေါ့ဗျာ ..
Template က နေ Edit HTML ကို သွားလိုက်မယ်ပေါ့

HTML ကုဒ်တွေထဲက ]]></b:skin> ကို လိုက်ရှာပါ ..
တွေ့ပြီဆိုရင် သူ့ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ



#YourWidgetID {
padding: 5px;
border: 1px solid #ff0000;
}


ကုဒ်တွေထဲက #ff0000 ကတော့ ကိုယ် ဘောင်အဖြစ်ခပ်မယ့် အရောင်ပေါ့ .. 
ကုဒ်တွေထဲမှာ အနီရောင်နဲ့ပြထားတဲ့ YourWidgetID ဆိုတဲ့နေရာမှာ ကိုယ် ဘောင်ခပ်ချင်တဲ့ Widget ရဲ့ ID ကို ထည့်ပေးရမှာပါ
ဥပမာ .. ကျွန်တော်က Post တွေကို ဘောင်ခပ်ချင်တယ်ဆိုပါတော့ Post ရဲ့ ID က Blog1 ဆိုပါတော့
ကုဒ်က ဒီလိုဖြစ်သွားမယ်

#Blog1 {
padding: 5px;
border: 1px solid #ff0000;
}


ပြီးရင်တော့ Save Template ပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:

ရေးထားသမျှတွေ ဒီနေရာမှာရှိပါတယ် ဆိုတဲ့ Gadget လေးအကြောင်း


post-image

ကျွန်တော့်ဘလော့ရဲ့ ညာဖက်မှာထားထားတဲ့ “ရေးထားသမျှတွေ ဒီနေရာမှာရှိပါတယ်” ဆိုတဲ့ Widget လေးအကြောင်းပါ ..

တကယ်တော့ ဘာမှ မယ်မယ်ရရ လုပ်ထားတာမဟုတ်ပါဘူး ..

ကုဒ်တွေကို သုံးလေးမျိုးလောက် ပေါင်းစပ်အသုံးပြုထားတာပါ

အဲဒီလို ဘလော့တစ်ခုလုံးမှာ ရေးထားသမျှတွေကို စုစည်းထားတဲ့ Page ကို Site Map လို့လည်း ခေါ်ကြသလို Table Of Contents ( TOC ) လို့လည်း ခေါ်ကြပါတယ် ..


Site Map Page လုပ်တဲ့နည်းကိုတော့ ဒီပို့စ် မှာ သွားဖတ်နိုင်ပါတယ် ...

အခု ကျွန်တော့် ဘလော့လော့ထဲက Site Map Page မှာ HTML mode ကနေ ရေးထားတဲ့ကုဒ်က အဲဒီပို့စ်မှာ တင်ပေးထားတဲ့ကုဒ် မဟုတ်တော့ပါဘူး ..
စတိုင်လေးကြိုက်လို့ သူများရဲ့ကုဒ်ကို လှမ်းပြီး လင့်ချိတ်သုံးတဲ့နည်းနဲ့ သုံးထားတာပါ ..
အခုလောလောဆည် ကျွန်တော့်ဘလော့ရဲ့ Site Map Page အတွက် သုံးထားတဲ့ကုဒ်ကတော့ အောက်မှာပေးထားပါတယ် ..



<link href="http://abu-farhan.com/script/acctoc/acc-toc.css" media="screen" rel="stylesheet" type="text/css"></link>
<script src="http://abu-farhan.com/script/acctoc/daftarisiv2-pack.js"></script>
<script src="http://www.itmotesoeway.blogspot.com/feeds/posts/summary?max-results=1000&amp;alt=json-in-script&amp;callback=loadtoc"></script>
<script type="text/javascript"> var accToc=true; </script>
<script src="http://abu-farhan.com/script/acctoc/accordion-pack.js" type="text/javascript"></script>


အသုံးပြုရတာလည်း လွယ်ပါတယ် ..
Blogger ကို Log In ၀င်ပြီး Pages ကိုသွားပါ
New Page ကနေ New blank page ကိုယူပါ





ပွင့်လာတဲ့ Page အသစ်ကို ကိုယ်ကြိုက်တဲ့ နံမည်ပေးပါ
ပြီးရင် အဲဒီ Page ရဲ့ HTML mode ကနေပြီး အပေါ်မှာပေးထားတဲ့ကုဒ်တွေကို ကော်ပီကူးထည့်ပေးလိုက်ရုံပါပဲ
(အ၀ါရောင်နဲ့ပြထားတဲ့နေရာမှာတော့ ကိုယ့်ဘလော့ရဲ့ လင့်နဲ့ အစားထိုးပေးလိုက်ပါ
www. ဆိုတာလေး မပါရင် အဆင်မပြေတတ်ပါဘူး)




ပြီးတာနဲ့ Publish ကိုနှိပ်လိုက်ရုံပေါ့
ပြီးရင် အဲဒီ Page ကို view ကနေသွားပြီး အဲဒီ Page ရဲ့လင့်ကို ကူးယူထားရပါမယ်

ကဲ ... ဥပမာပေါ့ ..
ကျွန်တော့်ဘလော့အတွက်လုပ်လိုက်တဲ့ Site Map Page ရဲ့ လင့်က
http://itmotesoeway.blogspot.com/p/site-map.html  ပါ

အဲဒီလင့်ကို အောက်ကုဒ်တွေထဲမှာ ထည့်သုံးလိုက်ပါတယ်




<center><table style="height: 100px; width: 300px;"><tbody>
<tr><td>
<a href='http://itmotesoeway.blogspot.com/p/site-map.html'><marquee direction="right" scrollamount="5" width="40"><span style="color: green;">&gt;&gt;&gt;</span></marquee><blink><span style="color: yellow;">ရေးပြီးသမျှတွေ</span><span style="color: yellow;"> ဒီနေရာမှာရှိပါတယ်</span></blink><marquee scrollamount="5" width="40"><span style="color: green;">&lt;&lt;&lt;</span></marquee></a>
</td></tr></tbody></table></center>

ပြီးသွားရင်တော့ Layout ကနေ Add a widget ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက HTML/Java Script ကိုရွေးပါ
ပွင့်လာတဲ့ထဲက Title မှာ ဘာမှမထည့်ပဲ Content Box ထဲမှာ အပေါ်ကပေးထားတဲ့ကုဒ်တွေကို
ကူးထည့်ပေးပြီး Save ကိုနှိပ်လိုက်ပါတယ်
အ၀ါရောင်နဲ့ပြထားတဲ့လင့်ကတော့ ကိုယ့်ဘလော့အတွက်လုပ်ထားတဲ့ Site Map Page ရဲ့လင့်ကို ထည့်ပေးရမယ့်နေရာပေါ့
ဒါဆိုရင် အဆင်ပြေသွားပါပြီ
ကုဒ်တွေထဲက yellow တွေ green တွေက စာလုံးတွေနဲ့ ပြေးနေတဲ့မြှားလေးတွေအတွက် အရောင်ကို
ညွှန်းထားတာမို့ ကိုယ်နှစ်သက်သလို ပြောင်းနိုင်ပါတယ်
<blink> နဲ့ </blink> ကတော့ သူတို့နှစ်ခုရဲ့ကြားထဲက စာသားတွေကို ပေါ်လိုက်ပျောက်လိုဖြစ်အောင်လုပ်ပေးပါတယ် ..
ပြေးလွားနေတဲ့မြှားလေးတွေကတော့ ကျွန်တော်တင်ခဲ့ဖူးတဲ့ Marquee Techniques .. နဲ့ပတ်သက်တဲ့ Tutorial တွေထဲမှာ လေ့လာကြည့်နိုင်ပါတယ် ..
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:
 
Flag Counter


gmail ထဲပို့ပေးမည်

fb ကနော့် ဘော်ဘော်

zawgyi 32 bit ဒေါင်းရန်

ဒီလောက်ဝင်ကြည့်နေသည်


hit counter

လေဒီယိုနားထောင်ရန်

bg

လေဒီယိုနားထောင်ရန်

bg

recent posts

ကာလာကုဒ်ယူရန်



Blogger news

Blogroll

Most Reading