Powered by Blogger.
နည်းပညာလွယ်အိတ်(ညီနောင်)မှ လှိုက်လှဲစွာကြိုဆိုပါသည်
Showing posts with label ဘလော့ Gadget. Show all posts
Showing posts with label ဘလော့ Gadget. Show all posts
ရေးထားသမျှတွေ ဒီနေရာမှာရှိပါတယ် ဆိုတဲ့ Gadget လေးအကြောင်း
Thursday, October 10, 2013
post-image
ကျွန်တော့်ဘလော့ရဲ့ ညာဖက်မှာထားထားတဲ့ “ရေးထားသမျှတွေ ဒီနေရာမှာရှိပါတယ်” ဆိုတဲ့ Widget လေးအကြောင်းပါ ..
တကယ်တော့ ဘာမှ မယ်မယ်ရရ လုပ်ထားတာမဟုတ်ပါဘူး ..
ကုဒ်တွေကို သုံးလေးမျိုးလောက် ပေါင်းစပ်အသုံးပြုထားတာပါ
အဲဒီလို ဘလော့တစ်ခုလုံးမှာ ရေးထားသမျှတွေကို စုစည်းထားတဲ့ Page ကို Site Map လို့လည်း ခေါ်ကြသလို Table Of Contents ( TOC ) လို့လည်း ခေါ်ကြပါတယ် ..
Site Map Page လုပ်တဲ့နည်းကိုတော့ ဒီပို့စ် မှာ သွားဖတ်နိုင်ပါတယ် ...
အခု ကျွန်တော့် ဘလော့လော့ထဲက Site Map Page မှာ HTML mode ကနေ ရေးထားတဲ့ကုဒ်က အဲဒီပို့စ်မှာ တင်ပေးထားတဲ့ကုဒ် မဟုတ်တော့ပါဘူး ..
စတိုင်လေးကြိုက်လို့ သူများရဲ့ကုဒ်ကို လှမ်းပြီး လင့်ချိတ်သုံးတဲ့နည်းနဲ့ သုံးထားတာပါ ..
အခုလောလောဆည် ကျွန်တော့်ဘလော့ရဲ့ Site Map Page အတွက် သုံးထားတဲ့ကုဒ်ကတော့ အောက်မှာပေးထားပါတယ် ..
<link href="http://abu-farhan.com/script/acctoc/acc-toc.css" media="screen" rel="stylesheet" type="text/css"></link>
အသုံးပြုရတာလည်း လွယ်ပါတယ် ..
Blogger ကို Log In ၀င်ပြီး Pages ကိုသွားပါ
New Page ကနေ New blank page ကိုယူပါ
ပွင့်လာတဲ့ Page အသစ်ကို ကိုယ်ကြိုက်တဲ့ နံမည်ပေးပါ
ပြီးရင် အဲဒီ Page ရဲ့ HTML mode ကနေပြီး အပေါ်မှာပေးထားတဲ့ကုဒ်တွေကို ကော်ပီကူးထည့်ပေးလိုက်ရုံပါပဲ
(အ၀ါရောင်နဲ့ပြထားတဲ့နေရာမှာတော့ ကိုယ့်ဘလော့ရဲ့ လင့်နဲ့ အစားထိုးပေးလိုက်ပါ
www. ဆိုတာလေး မပါရင် အဆင်မပြေတတ်ပါဘူး)
ပြီးတာနဲ့ Publish ကိုနှိပ်လိုက်ရုံပေါ့
ပြီးရင် အဲဒီ Page ကို view ကနေသွားပြီး အဲဒီ Page ရဲ့လင့်ကို ကူးယူထားရပါမယ်
ကဲ ... ဥပမာပေါ့ ..
ကျွန်တော့်ဘလော့အတွက်လုပ်လိုက်တဲ့ Site Map Page ရဲ့ လင့်က
http://itmotesoeway.blogspot.com/p/site-map.html  ပါ
အဲဒီလင့်ကို အောက်ကုဒ်တွေထဲမှာ ထည့်သုံးလိုက်ပါတယ်
ပြီးသွားရင်တော့ Layout ကနေ Add a widget ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက HTML/Java Script ကိုရွေးပါ
ပွင့်လာတဲ့ထဲက Title မှာ ဘာမှမထည့်ပဲ Content Box ထဲမှာ အပေါ်ကပေးထားတဲ့ကုဒ်တွေကို
ကူးထည့်ပေးပြီး Save ကိုနှိပ်လိုက်ပါတယ်
အ၀ါရောင်နဲ့ပြထားတဲ့လင့်ကတော့ ကိုယ့်ဘလော့အတွက်လုပ်ထားတဲ့ Site Map Page ရဲ့လင့်ကို ထည့်ပေးရမယ့်နေရာပေါ့
ဒါဆိုရင် အဆင်ပြေသွားပါပြီ
ကုဒ်တွေထဲက yellow တွေ green တွေက စာလုံးတွေနဲ့ ပြေးနေတဲ့မြှားလေးတွေအတွက် အရောင်ကို
ညွှန်းထားတာမို့ ကိုယ်နှစ်သက်သလို ပြောင်းနိုင်ပါတယ်
<blink> နဲ့ </blink> ကတော့ သူတို့နှစ်ခုရဲ့ကြားထဲက စာသားတွေကို ပေါ်လိုက်ပျောက်လိုဖြစ်အောင်လုပ်ပေးပါတယ် ..
ပြေးလွားနေတဲ့မြှားလေးတွေကတော့ ကျွန်တော်တင်ခဲ့ဖူးတဲ့ Marquee Techniques .. နဲ့ပတ်သက်တဲ့ Tutorial တွေထဲမှာ လေ့လာကြည့်နိုင်ပါတယ် ..
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:
Flag Counter
gmail ထဲပို့ပေးမည်
fb ကနော့် ဘော်ဘော်
zawgyi 32 bit ဒေါင်းရန်
ဒီလောက်ဝင်ကြည့်နေသည်
hit counter
လေဒီယိုနားထောင်ရန်
bg
လေဒီယိုနားထောင်ရန်
bg
recent posts
ကာလာကုဒ်ယူရန်
Blogger news
Blogroll
Most Reading