Powered by Blogger.
နည်းပညာလွယ်အိတ်(ညီနောင်)မှ လှိုက်လှဲစွာကြိုဆိုပါသည်
Showing posts with label ဘလော့ read more. Show all posts
Showing posts with label ဘလော့ read more. Show all posts
Blogger နှင့် Jump Break ( Read More Link) ဆိုင်ရာ နည်းပညာများ
Thursday, October 10, 2013
Blog တစ်ခုမှာပဲဖြစ်ဖြစ် Website တစ်ခုမှာပဲဖြစ်ဖြစ် Jump Break လို့ခေါ်တဲ့ Read More Link ဟာ မရှိမဖြစ်အရေးပါတဲ့ Function တစ်ခုဖြစ်ပါတယ် ..
Jump Link ဟာ Post တွေကို အမြင်ရှင်းရှင်းနဲ့ စုစည်းဖော်ပြပေးစေနိုင်သလို အလည်လာသူတွေအတွက်
Loading time ကိုလည်း သက်သာစေပါတယ်
သာမာန် Template တော်တော်များများအတွက် Jump Break ထည့်တယ်ဆိုတာ သိပ်ခက်ခက်ခဲခဲ မလုပ်ရပါဘူး ..
ကိုယ် Jump Link ထည့်ချင်တဲ့နေရာမှာ ကလစ်တစ်ချက်ပေးပြီး အပေါ်မှာရှိတဲ့ Tool တွေထဲက Insert Jump Break ဆိုတာလေးကို နှိပ်ပေးလိုက်ရုံနဲ့ Read More Link လေး ၀င်သွားပြီဖြစ်ပါတယ်
ဒီလိုမှမဟုတ်ရင်လည်း HTML mode ကနေ၀င်ပြီး ကိုယ် Jump Break ထည့်ချင်တဲ့နေရာမှာ
အဲ .. အချို့သော Template တွေမှာတော့ အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့အခါ အကြမ်းနည်းသုံးပြီး
Jump Break ထည့်ရပါတယ် ..
ဒါက ပို့စ်အပေါ်ပိုင်းနည်းနည်း
ဒါက ကျန်နေတဲ့ပို့စ်အောက်ပိုင်းအားလုံး
အဲဒီလို HTML mode ကနေ၀င်ပြီး ပို့စ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို
Template အချို့မှာတော့ Jump Break ကို Function အနေနဲ့ပါ ရေးမထားတာမျိုးတွေ ရှိတတ်ပြန်ပါသေးတယ် ..
အဲဒီလို Template မျိုးကိုတော့ နည်းနည်းလေး ပြင်ရတာ လက်ဝင်ပါတယ် ..
အပေါ်ကနည်းတွေနဲ့မှ အဆင်မပြေတဲ့ Template မျိုးကို ပြင်မယ်ဆိုရင်တော့ Blogger Dashboard ကနေ
Template ကို သွားပါ ( အရင်ဆုံး အမှားအယွင်းဖြစ်သွားခဲ့ရင် Restore ပြန်လုပ်နိုင်အောင် Template တစ်ခုလုံးကို Download ယူပြီး Backup လုပ်ထားပါ)
Edit HTML ကိုနှိပ်ပြီး  <data:post.body/> ကို လိုက်ရှာပါ
တွေ့ပြီဆိုရင် အဲဒီ <data:post.body/> ရဲ့ အနောက်မှာအာက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးပါ
<b:if cond='data:post.hasJumpLink'>
<data:post.jumpText/>
</b:if >
ပြီးရင် Preview template ကိုနှိပ်ပြီး ကြည့်ပါ Error မတက်ရင် အဆင်ပြေပါပြီ .. Save template ကို နှိပ်လိုက်ပါ
တကယ်လို့ Error တက်တယ်ဆိုရင်တော့ အဲဒီကုဒ်တွေကို ပြန်ဖျက်ပြီး Save template ကို နှိပ်ပါ
အပေါ်ကနည်းကတော့ Template ရဲ့ Post Editor မှာ Jump Break Function ထည့်တဲ့နည်းမို့ အလုပ်သင့်ဆုံးနည်းဖြစ်ပါတယ် ( Jump Break မပါတဲ့ Template တွေအတွက်ပါ)
အဲဒီလို အဆင်မပြေရင်တော့ Template ကနေ Edit template ကို သွားပါ
Advanced ကနေ Add CSS ကို နှိပ်ပါ ..
ပွင့်လာတဲ့ထဲက CSS ကုဒ်ထည့်ရမယ့် အကွက်မှာ အောက်က CSS ကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ
.jump-link a {
background: #ffff00;
padding: 3px;
color: #fff;
#ffff00 နဲ့ #fff ကတော့ Read More ရဲ့ အောက်ခံအရောင်နဲ့ စာလုံးအရောင်တွေပါ
ကိုယ်နှစ်သက်ရာ အရောင်ကုဒ်ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်
များသောအားဖြင့်လည်း အပေါ်မှာပြောခဲ့တဲ့နည်းတွေက error မတက်ပဲ အောင်မြင်လေ့ရှိပါတယ်
တကယ်လို့ ဘယ်နည်းနဲ့ မှ အဆင်မပြေဘူးဆိုရင် အဲဒီ template ရဲ့ .xml ဖိုင်ကို ကျွန်တော့် mail ထဲပို့ပေးခဲ့ပါ ကျွန်တော်ကုဒ်တွေကို ပြန်စစ်ကြည့်ပြီး Jump Break ထည့်ပြီး ပြန်ပို့ပေးပါ့မယ်
ကဲ .. Jump Break မပါတဲ့ Template ကို Jump Break ထည့်တဲ့နည်းတော့ ဒီနေရာမှာ နားလိုက်ကြစို့
အောက်မှာ Jump Break နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေရှင်းပေးထားပါတယ်
၁။ Read More Link ကို ညာဖက်မှာထားနည်း
Edit HTML ကနေ Template ကုဒ်ကိုဖွင့်ပါ
ပွင့်လာတဲ့ထဲမှာ
ဆိုတာကို လိုက်ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်နေရာမှာ
ကို အစားထိုး ပေးလိုက်ပါ
ပြီးရင် Save Template ကိုနှိပ်ပါ  ( တစ်ခါတစ်ခါမှာ
လို့လည်း
တွေ့တတ်ပါတယ် .. အဲဒါဆိုရင် အဲဒီ left ဆိုတဲ့နေရာမှာ right လို့ ပြောင်းပေးလိုက်ရုံပါပဲ)
၂။ Read More Link ကို ပုံနဲ့ အစားထိုးနည်း
Edit HTML ကနေ Template ကုဒ်ကို ဖွင့်ပါ
ပွင့်လာတဲ့ထဲမှာ <data:post.jumpText/>  ကို လိုက်ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်တွေနေရာမှာ အောက်ကကုဒ်တွေကို အစားထိုးပေးလိုက်ပါ
<b:if cond='data:post.hasJumpLink'>
</b:if >
အဲဒီကုဒ်တွေထဲက url of image ဆိုတဲ့နေရာမှာ ကိုယ်သုံးချင်တဲ့ ပုံရဲ့ လင့်ကို ထည့်ပေးပါ
ပြီးရင်တော့ Preview Template ကိုနှိပ်ပြီး အဆင်ပြေပြီဆိုရင် Save Template ကို နှိပ်လိုက်ပါ
ကဲ .. ကျွန်တော့်ကို မေးထားတဲ့ Read More Link နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ကျွန်တော့် လေ့လာဖူးသလောက် ဖြေပြီးသွားပါပြီ ..
တကယ်လို့ အခက်အခဲထပ်ရှိနေသေးတယ်ဆိုရင်လည်း အဲဒီ Template ကို ကျွန်တော့်ရဲ့ Mail ထဲကို ပို့ပြီး ဖြစ်နေတဲ့ပြဿနာကို မေးနိုင်ပါတယ် ..
template ထဲက ကုဒ်တွေကိုကြည့်ပြီး ဆုံးဖြတ်တော့ Error ကို ကွက်တိဖြေရှင်းပေးနိုင်တာပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:
Flag Counter
gmail ထဲပို့ပေးမည်
fb ကနော့် ဘော်ဘော်
zawgyi 32 bit ဒေါင်းရန်
ဒီလောက်ဝင်ကြည့်နေသည်
hit counter
လေဒီယိုနားထောင်ရန်
bg
လေဒီယိုနားထောင်ရန်
bg
recent posts
ကာလာကုဒ်ယူရန်
Blogger news
Blogroll
Most Reading